(၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံတိုင်ဝက် လွှင့်ထူရန်နှင့် ဥသြဆွဲရန်

(၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံတိုင်ဝက် လွှင့်ထူရန်နှင့် ဥသြဆွဲရန်

နေပြည်တော်  ဇူလိုင်  ၁၅

၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်(အင်္ဂါနေ့) (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊  အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဥသြဆွဲ အချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့ အတွက် လက်အောက်ဌာန/ရုံးအဆင့်ဆင့်သို့ ဆက်လက် ညွှန်ကြားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးက   အစိုးရရုံးဌာန အဖွဲ့အစည်း အားလုံးသို့ ညွှန်ကြားထားကြောင်း သိရှိရသည်။