စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပညာရည်ချွန်ဆုနှင့် ထူးချွန်ဆုများချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပညာရည်ချွန်ဆုနှင့် ထူးချွန်ဆုများချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ဇူလိုင်  ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပညာရည်ချွန်ဆုနှင့် ထူးချွန်ဆုများချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၁၅)ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူး  ၃ ဘာသာနှင့် အထက်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းသား၊ သမီး ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်သင်တန်းများတွင် ထူးချွန်ဆုရခဲ့ကြသော ဝန်ထမ်းများ၊ စာပေဆိုင်ရာ ဂုဏ်ပြုဆုရရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးက၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး၌ ဒုတိယဆု ရရှိခဲ့သော မောင်ခန့်တေဇာ၊ သိပ္ပံဘာသာတွဲဆဋ္ဌမဆုရ မထက်ရတီဝင်းနှင့် ဘာသာစုံ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဘာသာစုံ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးက၅ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များက ၅ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ၄ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသောကျောင်းသား၊ ကျောင်းသူများနှင့် ၃ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

၎င်းနောက် စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူ(ဦးအုန်းဖေ)စာပေဆုများ ရရှိခဲ့သူနှစ်ဦးနှင့် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်သင်တန်းများတွင် ထူးချွန်ဆုရခဲ့ကြသော ဝန်ထမ်းကိုးဦးတို့ကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများ ချီးမြှင့်ကြကြောင်း သိရသည်။