အသိပေးနှိုးဆော်ချက်

အသိပေးနှိုးဆော်ချက်

၁။    ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနား ကျင်းပမည့် နံနက် ၀၄၀၀ နာရီ အချိန်မှ အခမ်းအနား ပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှ လည်းကောင်း၊ ဓမ္မစေတီလမ်းအား ဦးဝိစာရ-ဓမ္မစေတီ လမ်းဆုံမှ လည်းကောင်း၊ ဓမ္မစေတီလမ်းအား အင်းယားမြိုင်လမ်းဆုံမှ လည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံမှ လည်းကောင်း၊ အာဇာနည်လမ်းအား ဦးထောင်ဘိုလမ်းနှင့် အာဇာနည်လမ်းဆုံမှ လည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီ လမ်းဆုံထိ လည်းကောင်း၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် (သွေးဆေးကန်)လမ်းတို့အား ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။    ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် ဖွင့်လှစ်မည့် နေရာအား ၁၉-၇-၂၀၂၂ ရက်နေ့မှ ၂၁-၇-၂၀၂၂ ရက်နေ့ ၀၅၀၀ အချိန်မှ ၁၈၀၀ အချိန်အထိ နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှ လည်းကောင်း၊ နတ်မောက်လမ်းအား ဖိုးစိန်လမ်းဆုံမှ လည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းနှင့် ဆုံရာမှ လည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းနှင့် ဆုံရာလမ်းဆုံမှ လည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား စောမဟာလမ်းဆုံမှ လည်းကောင်း ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။  အလံတင် အခမ်းအနား ကျင်းပမည့် အတွင်းဝန်ရုံးအား ၁၉-၇-၂၀၂၂ ရက်နေ့မှ၂၁-၇-၂၀၂၂ ရက်နေ့ ၀၅၀၀ အချိန်မှ ၁၈၀၀ အချိန်အထိ သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ လည်းကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှ လည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်း လမ်းဆုံမှ လည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှ လည်းကောင်း လမ်းပိတ်ထားမည်ဖြစ်ပါသည်။

၄။  သို့ဖြစ်ပါ၍ ယာဉ်မောင်းသူ ပြည်သူများအနေဖြင့် အခမ်းအနားကျင်းပစဉ် လမ်းပိတ်လမ်းလွှဲ ဆောင်ရွက်နေသည့် အချိန်များတွင် အခြားသင့်လျော်သော လမ်းများမှ မောင်းနှင်သွားလာကြပါရန် ကြိုတင်အသိပေး နှိုးဆော်အပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့