ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးကို စတာလင်ပေါင် သန်း ၅၀ ဖြင့်ခေါ်ယူရန် ဘာစီလိုနာအသင်း သဘော တူညီမှုရရှိ

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးကို စတာလင်ပေါင် သန်း ၅၀ ဖြင့်ခေါ်ယူရန် ဘာစီလိုနာအသင်း သဘော တူညီမှုရရှိ

ဘာစီလိုနာ၊ ဘောလုံး

ဘာစီလိုနာအသင်းသည် ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးကို စတာလင်ပေါင် သန်း ၅၀ ဖြင့်ခေါ်ယူရန် သဘော တူညီမှုရရှိခဲ့ပြီး လာမည့်ရက်သတ္တပတ်အတွင်း သုံးနှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးသော်လည်း လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလအစပိုင်း ကတည်းက ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစား ခွင့်ပေးရန် တောင်းဆိုထားသူဖြစ်သည်။

အစောပိုင်းက ဘာစီလိုနာအသင်းသည် လီဝန် ဒေါစကီးကိုခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီ မှုရရှိထားပြီးဖြစ်သော်လည်း   အသင်းဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ကြန့်ကြာနေပြီး လက်ရှိတွင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၅၀ ဖြင့် သဘော တူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

အသက်  ၃၃  နှစ်အရွယ်  လီဝန်ဒေါစကီးကို လက်ရှိ ကစားသမားအပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ် ကလပ်အသင်းကြီး တချို့က ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်း လီဝန်ဒေါစကီးကိုယ်တိုင်က ဘာစီလိုနာအသင်းသို့သာ ပြောင်းရွှေ့ ကစားလိုနေခြင်း ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် အစောပိုင်းတွင် ဘာစီလိုနာအသင်းနှင့် ပြောင်းရွှေ့ကြေးညှိနှိုင်းမှုအဆင်မပြေသည့်အတွက် လီဝန် ဒေါစကီး အနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းနှင့်   ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်များကို လာရောက်ပူးပေါင်းခဲ့သော်လည်း  လက်ရှိ တွင် ကလပ်အသင်းနှစ်ခုကြား သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည့်အတွက်  လာမည့်ရက်သတ္တပတ်အတွင်း  စပိန်နိုင်ငံသို့ သွားရောက် ကာ အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။

ဘာစီလိုနာအသင်းသည် လီဝန်ဒေါစကီးအပြင် မန်စီးတီးအသင်းမှ ဘာနာဒိုဆေးလ်ဗားကိုလည်း ခေါ်ယူရန် သဘောတူညီမှု ရရှိထား ကြောင်း သိရသည်။                                 

Ref;90Min