ကျိုင်းတုံမြို့၌ ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

ကျိုင်းတုံမြို့၌ ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း ဝါဆိုသ င်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သာသနာ့ဗိမ္မာန်တော်ကြီး၌ ပြုလုပ်ရာ ကျိုင်းတုံမြို့၊ ကျိုင်းယင်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လထံမှ ငါးပါးသီလနှင့်  ပရိတ်တရားတော်များ နာယူဆောက်တည်တော်မူကြပြီး သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ၊အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ သာသနာ့ဝေပုလ္လကျောင်းတိုက်ဆရာတော် မဟာဓမ္မစရိယ ဘဒ္ဒန္တဝိဇယျ ထံမှ သာဓုအနုမောဒနာတရားနှင့် ရေစက်သွန်းချအမျှဝေ တရားနာယူတော်မူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချမျှဝေကြကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။