၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ  တတိယလုပွဲပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ  တတိယလုပွဲပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်  ဇူလိုင်  ၁၇

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီမှစတင်၍ ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး)  တတိယလုပွဲ ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B) ရုံ၌ဆက်လက် ကျင်းပသည်။

   ယနေ့တွင် ဘော်လီဘော (အမျိုးသား) တတိယလုပွဲပြိုင်ပွဲ ပွဲစဉ်အဖြစ် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊  ဘော်လီဘော (အမျိုးသမီး)တတိယလုပွဲ ပြိုင်ပွဲ ပွဲစဉ်အဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အသင်းက အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

အဆိုပါပြိုင်ပွဲယှဉ်ပြိုင် ကစားနေမှုများကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဘော်လီဘော အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။

 ဇူလိုင် ၁၈ ရက်(ယနေ့)တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌  ဝန်ကြီးဌာန ပေါင်းစုံဘော်လီဘော(အမျိုးသား) ပြိုင်ပွဲဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေး ဝန်ကြီးဌာနအသင်း၊ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။