(၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပပုံများ တိုက်ရိုက်ထုတ်လွှင့်မည်

(၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပပုံများ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ဇူလိုင် ၁၇

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက်၌ ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

အဆိုပါအခမ်းအနားကျင်းပပုံများကို ဇူလိုင် ၁၉ ရက် နံနက် ၇ နာရီ မိနစ် ၄၀ အချိန်မှစတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV-HD၊ MRTV News၊ MITV၊ MOI Website၊ MOI Youtube၊ MRTV Website နှင့် မြန်မာ့ အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM၊ ပဉ္စဝတီFM ၊ ရွှေ FM၊ ပတ္တမြား FM၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM တို့မှ တိုက်ရိုက် (LIVE)ထုတ်လွှင့်ပြသသွား မည်ဖြစ်သည်။