ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

မိတ္ထီလာ  ဇူလိုင်  ၁၉

ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင် ၁၈ ရက်တွင် ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲ အမျိုးသားပြိုင်ပွဲတွင် ဓာတုဗေဒအသင်းအား ဘူမိဗေဒအသင်းက လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် သင်္ချာ အသင်းအား ဘူမိဗေဒအသင်းက လည်းကောင်း အသီးသီးအနိုင်ရ ဗိုလ်စွဲသည်။

ဆက်လက်၍  အမျိုးသားပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဓာတုဗေဒအသင်းအား ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ရုက္ခဗေဒဌာန  ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီတာမြင့်ကလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသော ဘူမိဗေဒအသင်းအား ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်နှင်းအိက လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော ဘူမိဗေဒအသင်းအား ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ဝင်းမင်းသိန်းကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များကို  အသီးသီးပေးအပ်ပြီး အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော ဘူမိဗေဒအသင်းနှင့် အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသော ဘူမိဗေဒအသင်းတို့အား တံခွန်စိုက်ဒိုင်းဆုများကို ပါမောက္ခချုပ် ဒေါက်တာဘဟန်က ပေးအပ်သည်။

အဆိုပါ ကြက်တောင်ရိုက်ပြိုင်ပွဲကို ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပပြီး အမျိုးသားပြိုင်ပွဲတွင် ပြိုင်ဝင်အသင်း ၁၂ သင်းနှင့်  အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၀ သင်းပါဝင်ယှဉ်ပြိုင် ကစားကြကြောင်း သိရသည်။   

 (၆၀၂)