အာရှသုံးနိုင်ငံ ပတ်စပို့များက ကမ္ဘာ့အသုံးပြုမှု အများဆုံး ပတ်စပို့များ ဖြစ်လာ

အာရှဒေသမှသုံးနိုင်ငံဖြစ်သည့် ဂျပန်၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ပတ်စပို့များသည် ကိုဗစ်-၁၉ ကပ်ရောဂါမှ ပြန်လည်နာလန်ထူနေသည့် ယနေ့ကမ္ဘာကြီးတွင် အသုံးပြုမှုအများဆုံးနှင့် သြဇာအရှိဆုံး ပတ်စပို့များ ဖြစ်လာကြောင်း   သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ခင်အချိန်များက ကမ္ဘာပေါ်တွင် အသုံးပြုမှု အများဆုံး ပတ်စပို့များမှာ ဥရောပနိုင်ငံများမှ ပတ်စပို့များဖြစ်သည်။

ယခုအခါ ဂျပန်နိုင်ငံ၏ပတ်စပို့ကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ဆိုက်ရောက်ဗီဇာ သို့မဟုတ် ဗီဇာကင်းလွတ်ခွင့်များ ပေးထားသည်။

ထိုအရေအတွက်မှာ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံ ပတ်စပို့များကို    အဆိုပါ အခွင့်အရေးပေးထားသည့်   နိုင်ငံများထက်  တစ်နိုင်ငံပိုများနေသည်ကို  တွေ့ရသည်။

၂၀၁၇ ခုနှစ်ဝန်းကျင်   အချိန်ကာလများတုန်းက  အာရှဒေသနိုင်ငံများသည် ပတ်စပို့လက်ခံမှုတွင် ကမ္ဘာ့သြဇာ အရှိဆုံး ၁၀ နိုင်ငံစာရင်း၌ ပါဝင်လေ့ မရှိကြောင်း သိရသည်။

Ref: Bangkok Post