ပိုလန်က တောင်ကိုရီးယားမှ စစ်လေယာဉ်များ၊ တင့်များနှင့် ဟောင်ဝစ်ဇာများဝယ်ယူမည်

ပိုလန်အစိုးရက တောင်ကိုရီးယားနိုင်ငံမှ စစ်လေယာဉ်များ၊ တင့်များနှင့်ဟောင်ဝစ်ဇာများကို ဝယ်ယူမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ဇူလိုင် ၂၂ ရက်တွင် ပြောသည်။

ဝယ်ယူမည့်စစ်လက်နက်ပစ္စည်းများမှာ FA-50 တိုက်လေယာဉ် ၄၈ စင်း၊ K2 Black Panther တင့်အစီး ၁၈၀ နှင့် ဟောင်ဝစ်ဇာအများအပြားပါဝင်မည် ဖြစ်သည်။

ပိုလန်နိုင်ငံသည်   ယခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ)၏ ၃ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဟု ကတိပြုထားသည်။

ဝယ်ယူမည့်စစ်လက်နက်ပစ္စည်းများအနက် K2 Black Panther တင့်ပထမအသုတ်မှာ ယခုနှစ်အတွင်း ရောက်ရှိလာမည်ဖြစ်ပြီး နောက်ဆုံးတွင် ထိုတင့်များကို ပြည်တွင်း၌  ထုတ်လုပ်နိုင်သည်အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး မားရီယက်ဘလက်ဇက်က ပြောသည်။

ထို့ပြင် ပိုလန်နိုင်ငံသည် FA-50 တိုက်လေယာဉ်အုပ်သုံးအုပ်စာဖြစ်သော အစင်းရေ ၄၈ စင်းအထိနှင့် ဟောင်ဝစ်ဇာများကို ဝယ်ယူသွားရန်လည်း စိတ်ဝင်စားနေကြောင်း၊ လေယာဉ်ပထမအသုတ်မှာ လာမည့်နှစ်တွင် ပိုလန်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

K2 Black Panther တင့်များကို ဟွန်ဒေးရိုတမ်ကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ပြီး FA-50 တိုက်လေယာဉ်များကို ကိုရီးယားလေကြောင်းစက်မှုလုပ်ငန်း (KAI)က ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း  သိရသည်။

Ref: CNA