အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၀)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၀)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၃

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၀)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ပြုလုပ်ရာ တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဆရာတော် ပြည်နယ်သံဃာ့နာယကအဖွဲ့ ဉက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ တေဇတန္တအမှူးပြုသော သံဃာတော်များကြွရောက် တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သိမ်တောင်ပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာယူကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။