ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆွမ်းဆန်တော်လှူဒါန်းခြင်းများဆောင်ရွက်

နေပြည်တော်  ဇူလိုင် ၂၄

ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆွမ်းဆန်တော်လှူဒါန်းခြင်းများဆောင်ရွက်

ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ မြို့ဦးတိုက်သစ် သံလမ်းကျောင်းတိုက် သို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ အောင်မြေရတနာကျောင်းတိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ဥဿာပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ပြည်သဒ္ဓမ္မ ဇောတိကာရုံကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အောင်မြေဘုံစံကျောင်းတိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ဟံသာဝတီ ပရိယတ္တိစာသင်တိုက်သို့  လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော် ကောင်စီနယ်မြေနှင့်  တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက   သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။       

  (၁၀၀)