သေဒဏ်ကျခံရမည့် အကျဉ်းသားလေးဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီး

နေပြည်တော်  ဇူလိုင်  ၂၄

သေဒဏ်ကျခံရမည့် အကျဉ်းသားလေးဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီး

၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်မှစ၍ နိုင်ငံတော်အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများဖြစ်ပွားခဲ့ရာ ယင်းလုပ်ရပ်များတွင် ဖြိုးဇေယျာသော်(ခ)မောင်ကျော်(ခ)ရေခဲ၊ ကျော်မင်းယု(ခ)ဂျင်မီ၊ လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီးနှင့် အောင်သူရဇော်(ခ)ကတုံး (ခ)သူရတို့သည် ရက်စက်ပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သော အကြမ်းဖက်သတ်ဖြတ်မှုများကို ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူ အများ အပြားသေဆုံးခဲ့ရမှုအတွက် သက်ဆိုင်ရာ စစ်ခုံရုံးအသီးသီးက ကျူးလွန်သည့်ပြစ်မှုအလိုက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၏ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်ပုဒ်မများ၊ ရာဇသတ်ကြီး၏ သက်ဆိုင်ရာပြဋ္ဌာန်းချက်ပုဒ်မများဖြင့် စွဲချက်တင်ပြီးပြစ်မှုထင်ရှားသဖြင့် တရားခံလေးဦးအပေါ် သေဒဏ်ချမှတ်ရာ အဆိုပါတရားခံလေးဦးအပေါ် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။                         

(၁၀၀)