အိမ်ထောင်စုလူဦးရေ စာရင်း(ပုံစံ-၆၆/၆)များကို Software Program ဖြင့် ထည့်သွင်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

အိမ်ထောင်စုလူဦးရေ စာရင်း(ပုံစံ-၆၆/၆)များကို Software Program ဖြင့် ထည့်သွင်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းနေမှုကို လွိုင်ကော်မြို့ ပြည်နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းရုံး  ကွန်ပျူတာခန်းမ၌ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၄ ရက်တွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ကြည့်ရှု စစ်ဆေးရာတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ- ၆၆/၆)များ တိကျမှန်ကန်မှု ရှိစေရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်၏ နိုင်ငံသား ကိုယ်ရေးမှတ်တမ်း အချက်အလက်များကို e-ID စနစ်ဖြင့် Software အသုံးပြုကာ Database အတွင်း ထည့်သွင်းသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါ e-ID စနစ်ဖြင့် Software အသုံးပြုကာ Database အတွင်း ထည့်သွင်းသည့်  လုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်အစိုးရအဖွဲ့၏  ကြီးကြပ်မှုဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဇူလိုင် ၁၈ ရက်မှစတင်၍ ရက်ပေါင်း ၆၀ အတွင်း  အိမ်ထောင်စုလူဦးရေ စာရင်း စုစုပေါင်း   ၆၅၀၁၁  ကို  ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။