၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရရှိသူ များ၊ နိုင်ငံတော်အဆင့်ဆောင်းပါးဆုရရှိသူများနှင့် တက္ကသိုလ်ပညာ သင်ဆုရရှိကြသူ များအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော်၊ ဇူလိုင် - ၂၅

၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံ ထူးချွန်ဆုရရှိသူများ၊ နိုင်ငံတော်အဆင့်ဆောင်းပါးဆုရရှိသူများနှင့် တက္ကသိုလ်ပညာ သင်ဆုရရှိကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့တွင် မွန်ပြည်နယ်၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တို့၌ အသီးသီးပြုလုပ်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရရှိသူများ၊ နိုင်ငံတော်အဆင့်ဆောင်းပါးဆုရရှိသူများ နှင့် တက္ကသိုလ်ပညာသင်ဆုရရှိကြသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီး မြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။