၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်အောင်မြင်အောင်သင်ကြားပေးခဲ့သော ဆရာ/ဆရာမများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်အောင်မြင်အောင်သင်ကြားပေးခဲ့သော ဆရာ/ဆရာမများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

တောင်သာ ဇူလိုင်  ၂၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ  အခြေခံပညာကျောင်းများမှ   ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်   ထူးချွန်စွာအောင်မြင်အောင်  သင်ကြားပေးခဲ့သော    ဆရာ/ဆရာမများနှင့်     ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား  ဂုဏ်ပြု ချီးမြှင့်ပွဲ ကို  ဇူလိုင်လ(၂၄)ရက်   နံနက်ပိုင်းတွင် မင်းစု (အထက)ကျောင်း၊ ဝဲလောင် အစိုးရအထက်တန်းကျောင်း၊ ကျောက်ကာအစိုးရ အထက်တန်း ကျောင်းခွဲတို့၌ ကျင်း ပပြု လုပ်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်စွာ သင်ကြား ပေး သော ဆရာ / ဆရာမများ နှင့် ဂုဏ်ထူးရကျောင်းသား / ကျောင်းသူများအား တာဝန်ရှိသူများနှင့် အလှူရှင်များက ဆုများ အသီးသီးဆုချီးမြှင့် ခဲ့ကြသည်။

ဆက်လက်၍ အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီးနောက် (၅) ဘာသာ ဂုဏ်ထူးရကျောင်းသူ  အထက(ခွဲ) ကျောက္ကာကျောင်းမှ မသဇင်ဖူးဝေ နှင့် မန္တလေးတိုင်း ဒေသ ကြီးတွင် ဝိဇ္ဇာ ဘာသာတွဲဒုတိယအမှတ်များဆုံး ရရှိသော အထက(ခွဲ) ကျောက္ကာ ကျောင်းမှ ကျောင်းသူ မနှင့်အိဖြူ တို့က  ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်းသတင်းရရှိသည်။