လူငယ်များကိုပျိုးထောင်ပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

နေပြည်တော်၊ အသိပညာ

လူငယ်များကိုပျိုးထောင်ပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်တို့က စာရေးဆရာနတ်သျှင်(ရွှေဂူ) ရေးသားထားသည့် “လူငယ်များကို ပျိုးထောင်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇူလိုင် ၂၅ ရက်တွင် ပုဗ္ဗသီရိမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

စာဖတ်ဝိုင်းတွင် နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။

ထို့နောက် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ် (ဘာသာပြန်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ ဘုန်းရဲနိုင်၊ စာရေးဆရာ သဘာဝနှင့် စာရေးဆရာမ ချယ်ရီ အောင်သန်းတို့က “လူငယ်များကို ပျိုးထောင်ပေးပါ၊ ပုံပြင်ထဲက ဓမ္မသင်ခန်းစာ၊ မိတ်ဆွေကောင်းနှင့် ခရီးသွားပါ၊ ပတ်ဝန်းကျင် ကောင်းကို တန်ဖိုးထားပါ၊ စာဖတ်ခြင်းအတတ်ပညာ၊ ခံစားမှုနှင့် ဖန်တီးခြင်းအနုပညာ၊ လူကြီးနှင့်လူငယ်၊ အနာဂတ် မြန်မာပြည်နှင့် သာသနာစသည့် ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသည့် စာဖတ်ပရိသတ်များကလည်း ပြန်လည်ဆွေးနွေး ကြကြောင်း သိရသည်။

(၄၁၃)