အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲပြုလုပ်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၇

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မဟာဗောဓာရုံပရိယတ္တိစာသင်တိုက်မှ မဟာဗောဓာရုံကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ နာရဒ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဗောဓာရုံကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်ကြီးများ ကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် လားရှိုး မြို့၊ မြို့မကျောင်းတိုက်မှ နိုင်ငံတော်ဗဟိုဝန်ဆောင် မြို့မကျောင်း ဆရာတော် ဘဒ္ဒန္တ ကလျာဏထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။