တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၇

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၆ ရက်နှင့် ယနေ့တို့တွင်  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့ရှိ ဘုရားကြီးကျောင်းတိုက်၊ ကိုင်းကုန်းပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်ရှိ မဟာမြတ်မုနိဘုန်းကြီး ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးသဗ္ဗညုကျောင်းတိုက်၊ ဓာတ်စွမ်းဟုန်ဘုန်းကြီး ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်ရှိ သလ္လာစိတ္တသုခ တပ်ဦးကျောင်းတိုက်၊ မှော်ဘီမြို့၊ ပိန္နဲကုန်းကျေးရွာရှိ  အနတ္တဓမ္မကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မင်္ဂလာစံကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ တပ်ဦးဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ မင်္ဂလာဦးဘုန်း တော်ကြီးကျောင်း၊ တောင်ကုတ်မြို့၊ ဖုန်ညိုဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ကလေးမြို့၊ မဟာသန္တာရုံကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နယ်၊ ရတနာသိင်္ဃကျောင်းတိုက်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ပြည်လုံးချမ်းသာ မိဘမဲ့ဘုန်းတော်ကြီးကျောင်း၊ တံခွန်တိုင်ရပ်ကွက်ရှိ မြဝတီသီလရှင်စာသင်တိုက်၊ ပုသိမ်ကြီးမြို့နယ်၊ ကျွန်းလှမဟာစည်သာသနာ့ရိပ်သာ၊ အောင်မြေသာစံမြို့နယ်၊ စိန်ရတနာကျောင်းတိုက်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ  တပ်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၊ မင်းတဲအီကင်းရပ်ကွက်ရှိ စောလှကျောင်းတိုက်၊ တံတားဦးမြို့၊ တိုင်းရင်းသား မိဘမဲ့ပရဟိတကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိ ဇောတိကာရုံကျောင်းတိုက်တို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၌ မဟာမြတ်မုနိဘုရားကြီး မျက်နှာတော်သစ်မင်္ဂလာနှင့် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း၍  သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် မဟာမြတ် မုနိဘုရားကြီး၌ ပြုလုပ်ရာ ကြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း  နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားများက ဆရာတော်၊ သံဃာတော် အပါး ၂၀၀ အား ဝါတွင်းကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေ ရန်အတွက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ လောင်းလှူခဲ့ကြ ကြောင်း သတင်းရရှိသည်။