၂၀၁၉-၂၀၂၀ ညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော်(လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်း များ၏သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော်၊ ဇူလိုင်  ၂၇

၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော်(လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် အရာရှိ/စစ်သည် မိသားစုများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင် ခဲ့ကြသည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)က ဂုဏ်ပြုအမှာစကားပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၆)ဘာသာဂုဏ်ထူးရှင် ၆ ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် ၁၂ ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ၂၁ ဦး၊(၃)ဘာသာ ဂုဏ်ထူးရှင် ၂၇ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၄၈ ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၁၃၉ ဦး၊ ရိုးရိုးအောင်စစ်သည် ၂၁ ဦးတို့ကို ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့်  ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်း အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။