ကျိုက်မရောမြို့၊ ဘားအံမြို့၊ မြိုင်ကလေးမြို့နှင့် ပုသိမ်ကြီးမြို့နယ်တို့ရှိ   လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သွားရောက် တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ပေးအပ်

ကျိုက်မရောမြို့၊ ဘားအံမြို့၊ မြိုင်ကလေးမြို့နှင့် ပုသိမ်ကြီးမြို့နယ်တို့ရှိ   လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သွားရောက် တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၂၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ နယ်မြေခံလုံခြုံရေး ရဲတပ်ဖွဲ့ခွဲ တပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များ ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား သက်ဆိုင်ရာ နေရာအသီးသီး၌ သွား ရောက်တွေ့ဆုံ၍ အဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

အလားတူ ကရင်ပြည်နယ်၊ မြိုင်ကလေးမြို့ရှိ နယ်မြေခံလုံခြုံရေးရဲတပ်ဖွဲ့ခွဲများရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာ နချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်နှင့်အဖွဲ့ဝင်များက သွားရောက် တွေ့ဆုံ၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ် ရာများ ပေးအပ်သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ လုံခြုံရေးတပ်ဖွဲ့ခွဲရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့ နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။