အစွန်းရောက်အကြမ်းဖက်သမားများ​၏ ယုတ်မာကောက်ကျစ်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိအောင် ရှင်းလင်းထုတ်ဖော်

အစွန်းရောက်အကြမ်းဖက်သမားများ​၏ ယုတ်မာကောက်ကျစ်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိအောင် ရှင်းလင်းထုတ်ဖော်

ရန်ကုန်  ဇူလိုင်၂၉

အမျိုးသားရေးတက်ကြွလှုပ်ရှားသူများစုပေါင်း၍ အစွန်းရောက်အကြမ်းဖက်သမားများ၏ ယုတ်မာကောက်ကျစ်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများနှင့်အကြမ်း ဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိအောင် ရှင်းလင်းထုတ်ဖော်ပွဲကို ယနေနံနက်ပိုင်းက ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ထုတ်ဖော်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသည့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ က နိုင်ငံတော်သီချင်းကို သံပြိုက်ရွတ်ဆိုကာ ထောက်ခံပွဲကို ဖွင့်လှစ်ခဲ့ပြီး အကြမ်းဖက်အစွန်းရောက်လုပ်ရပ်များ(အလိုမရှိ)၊ အပြစ်မဲ့သံဃာနှင့်ပြည်သူများ အပေါ် ယုတ်မာကောက်ကျစ်မှုများ(အလိုမရှိ)၊ နိုင်ငံတော်ထိခိုက်မည့် အကြမ်းဖက် လုပ်ရပ်မှန်သမျှ(ဆန့်ကျင်ကျ)၊ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေး ထောက်ခံသူများ(ဆန့်ကျင်ကျ)၊ နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးကို ဦးတည် ဆောင်ရွက်နေသည့် ပြည်ပအားကိုး ဒေါ်လာစားပြည်ဖျက်လောက်ကောင်များအား (ဆန့်ကျင်ကျ)ဟူသော ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြသည်။

ထို့နောက် အစွန်းရောက်အကြမ်းဖက်သမားများ​၏ ယုတ်မာကောက်ကျစ်မှု များ၊ အကြမ်းဖက်သတ်ဖြတ်မှုများ၊ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့သည်။  

ယင်းနောက် တက်ရောက်လာကြသည့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ များက ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး အစွန်းရောက် အကြမ်း ဖက်သမားများ၏ ယုတ်မာကောက်ကျစ်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ အောင်ရှင်းလင်းထုတ်ဖော်ပွဲကို ရပ်နားခဲ့ကြသည်။