ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေး နှိုးဆော်ခြင်း

ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေး နှိုးဆော်ခြင်း

    စစ်တက္ကသိုလ်၊  တပ်မတော်နည်းပညာ တက္ကသိုလ်၊  တပ်မတော် ဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် အမျိုးသမီး ဗိုလ်လောင်းလျှောက်လွှာများအား ၂၂-၆-၂၀၂၂ ရက်နေ့မှစ၍ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ ထုတ်ပေးလျက်ရှိရာ ၅-၈-၂၀၂၂ ရက်နေ့တွင် လျှောက်လွှာများ ပိတ်သိမ်းမည်ဖြစ်ပါသဖြင့်    လျှောက်လွှာ ထုတ်ယူလိုသူများ   နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင်   သွားရောက်ထုတ်ယူနိုင်ကြောင်းနှင့်   လျှောက်လွှာ ထုတ်ယူထားသူများ အနေဖြင့်လည်း ဗိုလ်လောင်းလျှောက်လွှာများအား မိမိတို့လျှောက်လွှာ ထုတ်ယူရရှိသည့် တိုင်းစစ်ဌာနချုပ်များသို့ လျှောက်လွှာပိတ်ရက် မတိုင်မီ အချိန်မီပြန်လည်တင်သွင်းကြရန် အသိပေး နှိုးဆော်အပ်ပါသည်။ အသေးစိတ် သိရှိလိုပါက စစ်ရာထူးခန့်ချုပ်ရုံး (ဖုန်းနံပါတ် ၀၃၆-၃၀၃၃၁၊ ၀၃၆-၃၀၃၃၈)သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)