နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ရွှေကြာပင် အားကစားကွင်း ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ရွှေကြာပင် အားကစားကွင်း ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော်  ဇူလိုင်  ၂၉

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ရွှေကြာပင် အားကစားကွင်း၌ RC နှစ်ထပ် အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံ အားကစားရုံ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်  ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ရွှေကြာပင် အားကစားကွင်း၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်သစ်စံ ဆောက်လုပ်ရေး ကုမ္ပဏီနှင့် Greeco ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သစ်စံဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့်    (၄၈၀ ပေx၆၀ပေ) RC နှစ်ထပ် အနောက်ဘက် အထူးတန်းပွဲကြည့်စင် တည်ဆောက်ခြင်း စီမံကိန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာကြသော အကြီးအကဲများဖြစ်သည့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ တာဝန်ရှိသူများက ရတနာပန္နက်တော်တင်မည့် ပန္နက်တိုင်(၉)နေရာတို့တွင် အသီးသီး နေရာယူခြင်း၊ အခမ်းအနားမှူးက ဇယမင်္ဂလာ အောင်ဂါထာကို ဖတ်ကြားခြင်း၊ အကြီးအကဲများမှ ပန္နက်တော်ဌာနတွင် ရတနာပန္နက်တော် (၉)ချက်တင်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး Greeco ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် (၁၈၀ပေx၁၅၀ပေ) မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ခြင်း စီမံကိန်း ပန္နက်တော်တင်နှင့် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ   အကြီးအကဲများက ရတနာပန္နက်တော်တင်မည့် တိုင်(၉)နေရာတွင် အသီးသီး နေရာယူပြီး ပန္နက်တော်ဌာနများတွင် ရတနာပန္နက်တော်များကို တွင်းတော်တူး၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်း၊ အခမ်းအနားမှူးက သဗ္ဗမင်္ဂလာဂါထာကို ဖတ်ကြားခြင်း၊ ရွှေမိုးငွေမိုးများ  ရွာသွန်းဖြိုးခဲ့ကြောင်း  သိရသည်။