စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ ငါးမျိုးစိတ် စိုက်ထည့်ပွဲ ကျင်းပ

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ ငါးမျိုးစိတ် စိုက်ထည့်ပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၂၉

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ ငါးမျိုးစိတ်စိုက်ထည့်ပွဲကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ စုစုပေါင်း ၃၅၀ ဦး တက်ရောက်ခဲ့ကြသည်။

ငါးမျိုးစိတ်စိုက်ထည့်ပွဲကို အစီအစဉ်အတိုင်း ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများက မင်္ဂလာကန် အတွင်းသို့ ကြီးထွားနှုန်းမြန်ဆန်သည့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၃၂၀၀၀ ကျော် စိုက်ထည့်ပေးခဲ့ကြသည်။

နေပြည်တော်  ပြည်ထောင်စုနယ်မြေ အတွင်းရှိ မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုး ပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝရေပြင် နှင့် ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက် မပြတ်တည်တံ့ခိုင်မြဲပြီး   ငါးသယံဇာတ ပေါကြွယ်ဝစေရေးတို့အတွက် ယခုကဲ့သို့ ငါးမျိုးစိတ်များ စိုက်ထည့်ပေးခြင်းဖြစ်ပြီး နိုင်ငံတော်၏ ငါးထုတ်လုပ်မှု တိုးတက်မြင့်မား လာစေရေးကိုလည်း  တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးရန် ရည်ရွယ် စိုက်ထည့်ပေးခြင်းဖြစ် သည်။

သက်ရှိလူသားများနှင့် သဘာဝပတ်ဝန်း ကျင်တို့အကြား  အချိုးညီစွာ တည်ရှိနေသော ဂေဟစနစ်ရေရှည် တည်တံ့နိုင်စေရေး အတွက် နေပြည်တော် မင်္ဂလာကန်တွင် ကန် ၏ရေမြေသဘာဝနှင့် လိုက်လျောညီသော ငါးများရှင်သန် တိုးပွားလာမှုကို မြှင့်တင်ပေး ရန်ရည်ရွယ်၍ မင်္ဂလာကန်အတွင်းရှိ ငါးမျိုး စိတ်များ မပြုန်းတီးစေရန် ထိန်းသိမ်းခြင်းနှင့် လိုအပ်နေသော ငါးမျိုးစိတ်များ ထပ်မံစိုက်  ထည့်ပေးခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။