လုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

လုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ ဩဂုတ် - ၂

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင် လျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ရောင်နီဦးနှင့် မိတ်ဆွေများပရဟိတအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်သို့ လာရောက် လှူဒါန်းကြသည်။

ထိုသို့ လှူဒါန်းရာတွင် ရောင်နီဦးနှင့် မိတ်ဆွေများ ပရဟိတအဖွဲ့က ဂုဏ်ပြု ချီးမြှင့်ငွေ ၁၆၁ သိန်းကို ချီးမြှင့်ပေးအပ်ကြရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည် ပြော ကြားခဲ့သည်။

အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့ နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ချီးမြှင့်ငွေများအား ပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မန္တလေး တိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်း သိမ်းဆည်းရမိ အခြေအနေများအား  ခင်းကျင်းပြသထားသည်များကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။