ဦးအောင်ကျော်ဇံအား ဘရာဇီးလ်ဖက်ဒရယ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်ခန့်အပ်

ဦးအောင်ကျော်ဇံအား ဘရာဇီးလ်ဖက်ဒရယ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်ခန့်အပ်

နေပြည်တော် သြဂုတ် ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည်  နိုင်ငံခြားရေးဝန်ကြီးဌာန စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံအား ဘရာဇီးလ်ဖက်ဒရယ် သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။