မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၂၂ ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၂၂ ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အမိန့်ကြော်ငြာစာအမှတ်  ၃၆/၂၀၂၂

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ ဝါခေါင်လဆန်း   ၉   ရက်

(၂၀၂၂ ခုနှစ်၊ သြဂုတ်လ   ၅  ရက်)

၁။  မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်   နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ(ခ)အရ   အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။

၂။   မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော နိုင်ငံခြားသုံးငွေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံခြားသုံးငွေများ ပြည်ပသို့ လွှဲပြောင်းခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း  အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂)ကို (၃-၄-၂၀၂၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

၃။   ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကိုသာ အထက်ပါအပိုဒ်(၂)ပါ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂) သတ်မှတ် ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့်လှဲလှယ်ဆောင်ရွက်ရန်ဖြစ်ပါသည်။

၄။   ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

၅။    ဤအမိန့်ကြော်ငြာစာကို လိုက်နာခြင်း မရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်း ခံရမည်။

သန်းညိန်း

ဥက္ကဋ္ဌ