အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG နှင့်ဆက်သွယ်၍ Online  စနစ်ဖြင့် Kaung For You တရားမဝင် ပညာသင်ကြားမှု အစီအစဉ်တွင် ပါဝင်ခဲ့သည့် ဆရာ၊ ဆရာမများအား ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် ဖိတ်ခေါ် 

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG နှင့်ဆက်သွယ်၍ Online  စနစ်ဖြင့် Kaung For You တရားမဝင် ပညာသင်ကြားမှု အစီအစဉ်တွင် ပါဝင်ခဲ့သည့် ဆရာ၊ ဆရာမများအား ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် ဖိတ်ခေါ် 

နေပြည်တော်  သြဂုတ် 

အစိုးရ၏ ပညာရေးစနစ် ပျက်ပြားစေရန် ရည်ရွယ်၍  အကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားသည့်  NUGမှ အဖွဲ့ဝင်  တရားခံပြေး ဇော်ဝေစိုးနှင့်   ဂျာထွယ်ပန်တို့သည် Kaung   For  You     တရားမဝင် ပညာသင်ကြားမှု အစီအစဉ်အား Online  စနစ်ဖြင့် သင်ကြားနိုင်ရန်   စီစဉ်ဆောင်ရွက်ခဲ့သည်။

၎င်းအစီအစဉ်တွင်  ကျောင်းအုပ်ကြီးအဖြစ်   တာဝန်ယူထားသူ ကောင်းသိုက်စိုး (CDM ၊ လက်ထောက်မြို့နယ် ပညာရေးမှူး)အပါအဝင် ဝင်းဗိုလ်(ခ)ဘိုဘို(CDM ၊ မူလတန်းပြ)နှင့်  သန့်စင်ထိုက် (CDM ၊ မူလတန်းပြ) တို့ ၃ ဦးအား  တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊   လှည်းရိုးရပ်ကွက်ရှိ  ပြည့်တန်ဆာ အခန်း၌  အမျိုးသမီးများနှင့်အတူ သောက်စားပျော်ပါးနေချိန် ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Kaung For You တရားမဝင်ပညာ သင်ကြားမှု အစီအစဉ်ကို ဦးစီးဦးဆောင်ခဲ့သူများ၊ လူငယ်များကို လမ်းမှားရောက်စေရန် တွန်းပို့ခဲ့သူများမှအပ ၎င်းတို့၏သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုများကြောင့် ပါဝင်ခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား တစ်စုံတစ်ရာ အရေးယူမှုပြုလုပ်သွားမည် မဟုတ်ကြောင်းကိုလည်း သတင်းများ၊ ဆက်သွယ်မေးမြန်းမှုများကို   ဖြေကြားခြင်းများဖြင့်  အသိပေး ပြောကြားပြီးဖြစ်သည်။

လက်ရှိအချိန်တွင် ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များမှ စစ်ဆေးပေါ်ပေါက်ချက်များ အပေါ်အခြေခံ၍ Kaung For You Federal  Private School  တရားမဝင် စာသင်ကြားမှု အစီအစဉ်တွင် ပါဝင်သည့် ဆရာ/ဆရာမများ၊ ငွေကြေးထောက်ပံ့မှုများ၊ ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့်    အဖွဲ့အစည်းများ၏ စာရင်းကို    အသေးစိတ် ရရှိပြီးဖြစ်သည်။

Kaung For You တရားမဝင်ပညာ သင်ကြားမှုအစီအစဉ်တွင် ပါဝင်ခဲ့သည့် ဆရာ၊   ဆရာမများအနက်  အချို့သော ဆရာ၊ ဆရာမများသည်   မိမိတို့ လုပ်ဆောင်ခဲ့သည့် မှားယွင်းသည့် လုပ်ရပ်များအပေါ် အသိတရားရရှိခဲ့ပြီး   အေးချမ်းစွာ နေထိုင်လိုသည့်အတွက်    ကိုယ်တိုင်အသိတရားဖြင့် ပြန်လည် ဆက်သွယ်လာမှုများရှိသည်။ ထိုကဲ့သို့ သတင်းပို့ ဆက်သွယ် လာသူများကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နေ့စဉ် ပြည်သူ့ဘဝတွင် အေးချမ်းစွာ နေထိုင်နိုင်ရေး အာမခံချက် ပေးသွားမည်ဖြစ်သည်။

သို့ဖြစ်၍ Kaung For You တရားမဝင် ပညာသင်ကြားမှု အစီအစဉ်တွင်  ပါဝင်ခဲ့ရသည့် ဆရာ၊ ဆရာမများ အနေဖြင့် ဥပဒေဘောင်အတွင်း၌ အေးချမ်းစွာ နေထိုင်ဖြတ်သန်းနိုင်ရေးနှင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ မလိုလားအပ်ဘဲ ဆုံးရှုံးမှုမရှိစေရေးတို့ အတွက် နိုင်ငံတော်မှ သဘောထားကြီးစွာဖြင့်   ပြန်လည်လက်ခံ ပေးသွားမည်ဖြစ်ပြီး  ၂၀၂၂ ခုနှစ်၊ သြဂုတ်လ  ၇  ရက် နောက်ဆုံးထား၍   သက်ဆိုင်ရာမြို့နယ်များရှိ စီမံအုပ်ချုပ်ရေး ကောင်စီရုံးများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်းနှင့် ယင်းသို့ သတင်းပို့ ဆက်သွယ်သူများကို သတ်မှတ် စည်းကမ်းများနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင်    အေးချမ်းစွာ နေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ