တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော   ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးထွက်ရှိအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများအား ထူးချွန်ဆု ပေးအပ်ခြင်း အခမ်းအနားကို သြဂုတ် ၅ ရက် နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်ရှိ အမှတ် (၁)အခြေခံပညာ အထက် တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဇေယျာသီရိမြို့နယ် ပညာရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် စီမံခန့်ခွဲဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဂုဏ်ထူးများရရှိအောင် စီမံခန့်ခွဲပေးခဲ့သော ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးအား  မြို့နယ်ပညာရေးမှူးက ဂုဏ်ပြုဆုပေးအပ်ပြီး ဂုဏ်ထူးရရှိ အောင် သင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများအား လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ဆုများကို တာဝန်ရှိသူများက ပေးအပ်ကြသည်။

ထို့နောက်   Grade – 8 ကျောင်းသား၊ ကျောင်းသူလေးများက အသီးတစ်ရာ အညှာ တစ်ခုတေးသရုပ်ဖော်ဖြင့် ကပြဖျော်ဖြေကြကြောင်း သိရသည်။