ကျောက်ပန်းတောင်းမြို့တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(မြို့နယ်အဆင့်) ပြိုင်ပွဲကျင်းပ

ကျောက်ပန်းတောင်းမြို့တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(မြို့နယ်အဆင့်) ပြိုင်ပွဲကျင်းပ

ကျောက်ပန်းတောင်း- သြဂုတ် ၇

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့်  မြို့နယ်ပညာရေး ဌာန vမြို့နယ်သဘင် အနုပညာရှင်များ အစည်း အရုံးတို့ပူးပေါင်း ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (မြို့နယ်အဆင့်)ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင်   မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး စကားဝါမြေ ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အဆင့်မြင့်ပညာပြိုင်ပွဲ၌ အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းဆို ဘာသာရပ်ပြိုင်ပွဲတွင် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)မှ ပထမနှစ်(မြို့ပြ) ကျောင်းသူ မဝင်းလဲ့မွန်က ဇာတိမာန်သီချင်းဖြင့် လည်းကောင်း၊  အခြေခံပညာ အဆင့်ပြိုင်ပွဲ၌ ခေတ်ဟောင်း/ကာလပေါ် တေးသီချင်း အဆိုပြိုင်ပွဲတွင်  အမှတ်(၂) အခြေခံပညာ အထက်ကျောင်း Grade- 9 မှ မသီရိကျော်က လည်းကောင်း၊   အခြေခံပညာအဆင့်    ဆိုင်းဝိုင်းအတီး ပြိုင်ပွဲတွင် အမှတ်(၂)အခြေခံပညာ အထက်ကျောင်း Grade-7  မှ မောင်ဇွဲသီဟနိုင်ကလည်း ကောင်း၊  ဝါသနာရှင် တစ်ဦးချင်း  ဒုတိယ အဆင့် ဆိုင်းဝိုင်းအတီး ပြိုင်ပွဲတွင် အောင်မင်္ဂလာရပ်ကွက်မှ  မောင်စည်သူမင်းက လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင် ဖျော်ဖြေခဲ့ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆု များ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် အကပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဝါသနာရှင်အကပြိုင်ပွဲတွင် အောင် မင်္ဂလာရပ်ကွက်မှ မရွှေရည်လင်းက လည်းကောင်း၊ အခြေခံပညာအဆင့် အသက် ၁၀ နှစ်မှ ၁၅ နှစ် အကပြိုင်ပွဲတွင် အမှတ်(၂)အခြေခံပညာ အထက်ကျောင်း Grade-6 မှ  ကျောင်းသူ မသြလင်းဖြူနှင့် မသက်နှင်းစံတို့က လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ဆုရရှိကြသူများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့သည်။ ဆက်လက်၍  ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည့် နိုင်ငံကျော် ဟာသလူရွှင်တော် ဦးမိုးကျော်က ဟဒယ ရွှင်ဆေး တိုက်ကျွေးဖျော်ဖြေပြီး (၂၃)ကြိမ် မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (မြို့နယ်အဆင့်)ပြိုင်ပွဲကို  အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါမြို့နယ် အဆင့်ပြိုင်ပွဲသို့ ကျောက်ပန်းတောင်းမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  အုပ်ချုပ်ရေးမှူး   ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ပညာရေးမှူး ဒေါ်မော်မော်၊  အမှတ်(၂)အခြေခံပညာ အထက်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းနှင့် ကြီးကြပ်သူ ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင် ဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ် သဘင် အနုပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးမိုးကျော်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဝါသနာရှင်များ၊ မိသားစုဝင်များ စုစုပေါင်း အင်အား ၂၂၀ ဦး တက်ရောက်ခဲ့ကြကြောင်း  သိရသည်။