အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နှစ်(၅၀)ပြည့် ရွှေရတုတိုင်းနှစ်ပတ်လည်နေ့ ကျင်းပ ပြုလုပ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နှစ်(၅၀)ပြည့် ရွှေရတုတိုင်းနှစ်ပတ်လည်နေ့ ကျင်းပ ပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၈

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နှစ်(၅၀)ပြည့် ရွှေရတုတိုင်းနှစ်ပတ်လည်နေ့ကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်မိန့်ခွန်း ပြောကြားကာ စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ထို့နောက် နှစ်(၅၀)ပြည့် ရွှေရတုတိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းကို တိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ ဆက်လက်ပြုလုပ်ရာ လုံခြုံရေးတာဝန်များအား အသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွံချွံဆောင်ရွက်ခဲ့သည့် အရာရှိ/စစ်သည်များ၊ အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ထူးချွန်အားကစားသမား များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆုရရှိခဲ့ကြသည့် အားကစားသမားများ၊ သင်တန်းများတွင် ထူးချွန်ဆုရရှိကြသူများ၊ အိမ်ထောင်သည်လိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သန့်ရှင်းရေးအကောင်းဆုံးဆု ရရှိကြသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ၊ ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့် ကြသည်။ ဆက်လက်၍ တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဗလာမပါကံစမ်းမဲများ ဖောက်ပေးခဲ့ကြသည်။

ထို့ပြင် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား နိဗ္ဗာန်ဈေးပွဲတော်စတုဒီသာများဖြင့် တည်ခင်ဧည့်ခံကျွေးမွေးပြီး အနုပညာရှင်များမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။