ရပ်စောက်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်၊ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ ငွေများပေးအပ်

ရပ်စောက်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်၊ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ ငွေများပေးအပ်

နေပြည်တော်၊ ဩဂုတ် - ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ်အတွင်း ဩဂုတ် ၇ ရက်ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရပ်စောက်မြို့၊ ဇော်ဂျီချောင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် ဇော်ဂျီရပ်ကွက်ရှိ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၃)နှင့် ဥတ္တံတားရပ်ကွက်တို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ နေရာသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ လိုအပ်သည့်ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ရေဘေးသင့်ပြည်သူများအား ရပ်စောက်မြို့ရှိ အားကစားခန်းမသို့ ကူညီရွှေ့ပြောင်းပေးခြင်းများဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ယနေ့နေ့လယ်ပိုင်းတွင်သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေး သင့်ပြည်သူ အိမ်ထောင်စု ၃၄၃ စုတို့အတွက် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင် ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ပြီး အဆိုပါ ရေဘေးသင့်ပြည်သူများအား နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ရွှေညောင်၊ ရပ်စောက်ကားလမ်း မိုင်တိုင်အမှတ်(၁၀ မိုင် ၆ ဖာလုံ)နှင့် (၁၁)မိုင် ကြားရှိ ဆင်တဲချောင်းမှ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့်နေရာများသို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။