လီဗာပူးအသင်းနှင့် ကစားမည့်ပွဲစဉ်တွင် မန်ယူအသင်းပရိသတ်များ ကွင်းအတွင်း ဝင်ရောက်မှု မပြုလုပ်ဘဲ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်

လီဗာပူးအသင်းနှင့် ကစားမည့်ပွဲစဉ်တွင် မန်ယူအသင်းပရိသတ်များ ကွင်းအတွင်း ဝင်ရောက်မှု မပြုလုပ်ဘဲ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်

မန်ယူအသင်း ပရိသတ်များက ပရီးမီးယားလိဂ် ပွဲစဉ်(၃)အဖြစ် ကစားမည့် မန်ယူအသင်းနှင့် လီဗာပူး အသင်းတို့ပွဲစဉ်တွင်  ကွင်းအတွင်း   ဝင်ရောက်မှု မပြုလုပ်ဘဲ   အသင်းပိုင်ရှင်   ဂလေဇာမိသားစုကို ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း  သိရသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီကလည်း  အဆင့်(၆)နေရာ၌သာ ရပ်တည်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့ရသည့်အတွက် မန်ယူ အသင်းပရိသတ်များ စိတ်ဆိုးဒေါသ ထွက်ခဲ့ကြသကဲ့သို့ လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင်လည်း ကစားသမားခေါ်ယူမှု အပိုင်းနှင့် ပတ်သက်ပြီး အသင်းပရိသတ်များက   အသင်းပိုင်ရှင် ဂလေဇာ မိသားစုကို    စိတ်ဆိုးဒေါသထွက် နေခဲ့ကြခြင်းဖြစ်သည်။

ကစားသမား အပြောင်းအရွှေ့ ကာလတွင် မန်ယူအသင်းအနေဖြင့် မာလာစီယာ၊ မာတီနက်ဇ်နှင့် အဲရစ်ဆင်တို့ကိုသာ ခေါ်ယူနိုင်သေးပြီး လက်ရှိတွင် ဘိုလော့ဂ်နာ အသင်းမှ   အနော်တိုဗစ်နှင့် ဂျူဗင်တပ်စ်အသင်းမှ ရာဘီယော့တို့ကို ခေါ်ယူရန်ကြိုးပမ်းနေသည့် အသင်း၏ လုပ်ရပ်ကို အသင်းပရိသတ်များက ဒေါသထွက်ခဲ့ကြခြင်း ဖြစ်သည်။

မန်ယူအသင်း ပရိသတ်များ၏  အွန်လိုင်းပေါ်မှ ဆန့်ကျင်မှုများကြောင့် အနော်တိုဗစ်ကို ခေါ်ယူရန် အစီအစဉ်ကို လက်လျှော့ခဲ့သော်လည်း ပရိသတ်များ စိတ်ကျေနပ်စေမည့် ကစားသမား အပြောင်းအရွှေ့များ မပြုလုပ်နိုင်သေးသည့် အတွက် အသင်းပရိသတ်များက  အသင်းပိုင်ရှင် ဂလေဇာမိသားစုနှင့် အသင်းတာဝန်ရှိသူများ၏ လုပ်ရပ်ကို  စိတ်ဆိုးဒေါသထွက်လျက်ရှိပြီး  အိမ်ကွင်း အိုးထရက်ဖို့ဒ်ကွင်း၌ ကစားမည့် မန်ယူအသင်းနှင့်  လီဗာပူးအသင်းတို့ ပွဲစဉ်ကို  ကွင်းအတွင်း  ဝင်ရောက်ကြည့်ရှုမှု မပြုလုပ်ဘဲ အိုးထရက်ဖို့ဒ် ကွင်းအပြင်ဘက်တွင်  ပရိသတ် အင်အားအများအပြား စုရုံးပြီး  ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း သိရသည်။