ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) အခမ်းအနား ကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) အခမ်းအနား ကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍  ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)  အခမ်းအနားကို သြဂုတ် ၁၁ ရက်တွင် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်ရင်ပြင်ရှိ      သတ်မှတ်နေရာ အသီးသီး၌ ကျင်းပသည်။

ရှေးဦးစွာ  စေတီတော် ရင်ပြင်တောင်ဘက်ရှိ ဧည့်ခံတန်ဆောင်း၌ စေတီတော် ကြီးအား  ဆွမ်း၊  သစ်သီး၊  ပန်း၊  ရေချမ်း၊ အလင်းတိုင်၊ နံ့သာတိုင်တို့ဖြင့် အရုဏ် ဆွမ်းကပ်လှူ ပူဇော်ကြပြီးနောက် စိန်ရောင် ခြည်ဘုရားပင့်ဂါထာဖြင့် ဘုရားရှင်အား ပင့်လျှောက်ခြင်း၊ မေတ္တသုတ် အမွှမ်းရွတ်ဆို ပူဇော်ခြင်း၊ မေတ္တသုတ်ပါဠိတော်နှင့် မြန်မာပြန်ရွတ်ဆို ပူဇော်ခြင်း၊ ဆုတောင်း အမျှဝေသာဓုခေါ်ခြင်း   စသည့်အသံမစဲ မေတ္တာပွားများပွဲ အောင်ပွဲ အခမ်းအနားကို ရင်ပြင်တောင်ဘက်ရှိ  ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌   ကျင်းပသည်။

ဆက်လက်၍ စေတီတော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်း အဖွဲ့များ၊ ဝတ်အသင်းများနှင့် စေတီတော် ဝန်ထမ်းများက ပန်းစေတီများဖြင့် စေတီတော်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ကြပြီး   ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက    အာရုံခံမုခ်ဦးတန် ဆောင်းလေးခုရှိ   ရုပ်ပွားတော်များနှင့် အထက်ပစ္စယာရှိ ပတ္တမြား မျက်ရှင်ရုပ်ပွား တော်တို့၌  ပန်းစေတီများကို  အသီးသီး ကပ်လှူပူဇော်ကြသည်။

ထို့နောက် ရင်ပြင်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌  ဝါတွင်းသီလခံယူပြီး ပင့်သံဃာတော် တို့အား ရောင်တော်ဖွင့် တန်ဆောင်း၌ နေ့ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း   သိရသည်။