မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်မှုများအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများမှ သိရှိနားလည်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေး

မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်မှုများအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများမှ သိရှိနားလည်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေး

နေပြည်တော်  သြဂုတ်  ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး( UNHCR)၏  မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်  Ms.  Hai Kyung Jun နှင့်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီး ဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင UNDP-UNHCR တို့အကြား နားလည်မှု စာချွန်လွှာ (MoU)အပေါ်  အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နားလည်မှု စာချွန်လွှာအရ  ဘူးသီးတောင်၊ မောင်တောဒေသအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး အတွက် ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံနိုင်ရေးအတွက် မြန်မာ နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေမှု၊ ပြန်လည်လက်ခံ  ရေးလုပ်ငန်းစဉ်အရ နေရပ်စွန့်ခွာ သွားသူများ၏ အချက်အလက်များ ပေးပို့လာမှု အပေါ် မိမိဝန်ကြီးဌာနမှ စိစစ်တွေ့ရှိမှုများနှင့် အကြောင်းပြန်ကြားပြီးစီးမှု၊ မိမိနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာမည့်သူများ အတွက် ပြန်လည်လက်ခံရေး စခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ပြန်လည်နေရာ ချထားပေးနိုင်ရေးစီစဉ် ဆောင်ရွက်ထားရှိမှု၊ ယင်းလုပ်ငန်းစဉ်များ အပေါ် UNHCR အနေဖြင့် အပြုသဘော ဆောင်သည့် ပံ့ပိုးကူညီမှုများ ပေးနိုင်ရေးနှင့် မြန်မာနိုင်ငံ၏  လက်ရှိဆောင်ရွက်မှုများ အပေါ် နိုင်ငံတကာ အဖွဲ့အစည်းများမှ သိရှိနားလည်နိုင်ရေးအတွက် ကြိုးပမ်းဆောင် ရွက်ပေးနိုင်ရေး အခြေအနေတို့နှင့် စပ်လျဉ်း ၍  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။