ရုရှားနိုင်ငံနှင့်ကုန်သွယ်ရာတွင် အမေရိကန်ဒေါ်လာ အသုံးပြုမှုကို စွန့်လွှတ်လိုက်သည့်အိန္ဒိယ

ရုရှားနိုင်ငံနှင့်ကုန်သွယ်ရာတွင် အမေရိကန်ဒေါ်လာ အသုံးပြုမှုကို စွန့်လွှတ်လိုက်သည့်အိန္ဒိယ

အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံနှင့် ကုန် သွယ်ရာတွင် အမေရိကန်ဒေါ်လာအသုံးပြု မှုကို  စွန့်လွှတ်လိုက်ပြီး  တရုတ်ယွမ်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသုံး  ဒါဟမ်ငွေကြေးကို အသုံးပြုမည်ဖြစ်သည်။

အိန္ဒိယအစိုးရသည်   နှစ်နိုင်ငံကြားကုန်သွယ်ရာတွင်   အမေရိကန်ဒေါ်လာ အသုံးပြုမှုကို   ရပ်ဆိုင်း လိုက်ပြီးနောက်   ယခုနှစ်   ဇူလိုင်လတွင်   ရုရှားနိုင်ငံမှ ကျောက်မီးသွေးတင်သွင်းမှု သိသိသာသာ မြင့်တက်လာခဲ့သည်။   ရုရှားနိုင်ငံသည် ယခုအခါ အိန္ဒိယနိုင်ငံသို့ ကျောက်မီးသွေး တင်ပို့နေသည့်  တတိယအကြီးဆုံးနိုင်ငံ ဖြစ်လာပြီး ဇူလိုင်လတစ်လတည်းမှာပင် ကျောက်မီးသွေး စံချိန်တင် တင်ပို့နိုင်ခဲ့သည်။   အလားတူပင်   အိန္ဒိယနိုင်ငံမှ ကျောက်မီးသွေးတင်သွင်းသည့် စီးပွားရေး လုပ်ငန်းရှင်များသည်  ယခုနှစ်   ဇွန်လ အတွင်းကလည်း ရုရှားနိုင်ငံမှ ကျောက်မီးသွေးတန်ချိန် ၇၄၂၀၀၀ တင်သွင်းခဲ့သည်။ ထိုသို့တင်သွင်းရာတွင်   အမေရိကန်ဒေါ်လာအစား  တရုတ်ယွမ်နှင့်  အာရပ်စော်ဘွားများ    ပြည်ထောင်စုနိုင်ငံသုံး ဒါဟမ်ငွေကြေးတို့ကို  အသုံးပြုခဲ့ခြင်းဖြစ်သည်။

မကြာသေးမီကာလအတွင်းကလည်းအိန္ဒိယနိုင်ငံမှ    သံမဏိထုတ်လုပ်ရေးလုပ်ငန်းများနှင့်   ဘိလပ်မြေ စက်ရုံများသည်  ဒါဟမ်၊  ဟောင်ကောင်ဒေါ်လာ၊ ယွမ်နှင့် ယူရိုတို့ကိုအသုံးပြု၍ ရုရှားနိုင်ငံမှ ကျောက်မီးသွေးများ တင်သွင်းခဲ့သည်။

အဓိကအားဖြင့် အမေရိကန်၏ပိတ်ဆို့ မှုကို  ရှောင်ရှားနိုင်ရေးအတွက်  အမေ ရိကန်ဒေါ်လာအသုံးပြုမှုကို ရပ်ဆိုင်းကာတခြားငွေကြေးများကို ကုန်သွယ်မှုပြုလုပ်ရာတွင်  အသုံးပြုခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ရုရှားနိုင်ငံမှ ကျောက်မီးသွေးဝယ်ယူရာတွင် တရုတ်ယွမ်ကို အများဆုံး အသုံးပြုခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင်ဒေါ်လာကိုမူ   ကုန်သွယ်မှု စုစုပေါင်း၏ ၂၈ ရာခိုင်နှုန်းသာ  အသုံးပြုခဲ့သည်။  လက်ရှိတွင် ယူရိုငွေကြေးနှင့် ဒါဟမ်ငွေကြေးများကို အသုံးပြုလျက်ရှိသော်လည်း အသုံးပြုမှုအကြိမ်ရေနည်းပါးနေသေးသည်။

ထို့ပြင် အိန္ဒိယအစိုးရသည် ရုရှားနိုင်ငံ နှင့်လုပ်ဆောင်နေသည့် နှစ်နိုင်ငံကုန်သွယ် ရေးကို တိုးမြှင့်နိုင်ရေး ကြိုးပမ်းချက်တစ် ရပ်အဖြစ် နှစ်နိုင်ငံကြားကုန်သွယ်ရာတွင် ရူပီးငွေဖြင့်ပေးချေရန်   အိန္ဒိယဗဟိုဘဏ်က  ပြီးခဲ့သည့်လတွင် အတည်ပြုခဲ့ပြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ လောင်စာဆီဝယ်ယူတင်သွင်းမှု တိုးမြှင့်လာခဲ့သည်။

အလားတူပင် အိန္ဒိယနိုင်ငံသည် ရုရှား နိုင်ငံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင်လည်း ရူပီး သို့မဟုတ် ရုရှားနိုင်ငံသုံး  ရူဘယ်ကိုအသုံးပြု၍ပေးချေရန် သဘော တူထားပြီးဖြစ်သည်။    ကုန်သွယ်မှုပြုရာ တွင် အမေရိကန်ဒေါ်လာအစား နှစ်နိုင်ငံ သုံးငွေကြေးများကို    အသုံးပြုခြင်းသည် မလိုလားအပ်သည့်   ကြန့်ကြာမှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ သည်  ရုရှားနိုင်ငံမှထုတ်လုပ်သည့် လက် နက်ခဲယမ်းများကို  အများဆုံးဝယ်ယူနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ထို့ကြောင့်  အိန္ဒိယနှင့်  ရုရှားနိုင်ငံတို့ ကြား ကုန်သွယ်ရာတွင် အမေရိကန်ဒေါ်လာ မဟုတ်သည့်ငွေကြေးများကို အသုံးပြုလာ ခြင်းသည်  ရုရှားနိုင်ငံအပေါ်  အနောက် နိုင်ငံများက တစ်ဖက်သတ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို   ရှောင်ရှားနိုင်စေရန် အထောက်အကူပြုသောကြောင့် အနာဂတ်ကာလတွင်  နှစ်နိုင်ငံကြား ကုန်သွယ်ရာ၌ အမေရိကန်ဒေါ်လာအသုံးပြုမှု  တဖြည်း ဖြည်းနည်းပါးလာမည်ဖြစ်ကြောင်း  ကုန် သည်များက ပြောကြားထားသည်။

အမေရိကန်နှင့်မဟာမိတ်  အနောက်နိုင်ငံများသည် ရုရှား-ယူကရိန်းအရေးနှင့်စပ်လျဉ်း၍  ရုရှားနိုင်ငံအပေါ်  တစ်ဖက် သတ်ပိတ်ဆို့မှုများချမှတ်ထားပြီး အမေရိကန်အစိုးရအနေဖြင့် ရုရှားနိုင်ငံကို အမေရိကန်ဒေါ်လာအသုံးပြုခြင်းမှ    တားမြစ်ထားသည်။

ထို့ကြောင့် ရုရှားနိုင်ငံအနေဖြင့် မဟာ မိတ်နိုင်ငံများ၊ လုပ်ဖော်ကိုင်ဖက်နိုင်ငံများ နှင့်ကုန်သွယ်မှုပြုလုပ်ရာတွင် အမေရိကန် ဒေါ်လာအစား   တခြားငွေကြေးများကို အစားထိုးအသုံးပြုရန်   ကြိုးပမ်းလာခြင်း ဖြစ်သည်။ အမေရိကန်ဒေါ်လာ၏နေရာ၌  ယွမ်၊  ဒါဟမ်၊ ယူရို၊ ရူဘယ်နှင့်  ရူပီး  စသည့်ငွေကြေးများကို အသုံးပြုခြင်းအားဖြင့် အမေရိကန်၏ပိတ်ဆို့မှုကို ရှောင်ရှား၍   မိတ်ဖက်နိုင်ငံများနှင့်   ဆက်လက်ကုန်သွယ်မှု ပြုလုပ်နိုင်မည် ဖြစ်သည်။

ထို့ပြင်  အမေရိကန်က   ရုရှားနိုင်ငံ အပေါ်  ပိတ်ဆို့မှုချမှတ်လိုက်ခြင်းသည်  အိန္ဒိယနိုင်ငံ၏   စီးပွားရေး လုပ်ငန်းများအတွက်  အခွင့်အလမ်းကောင်းများ  ဖြစ် ပေါ်စေခဲ့သည်ဟူသော  သုံးသပ်ချက်များ လည်း ထွက်ပေါ်လာသည်။ အကြောင်းမှာ ပိတ်ဆို့မှုများကြောင့် အိန္ဒိယနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများအနေဖြင့် ရုရှားနိုင်ငံ၏ဈေးကွက်အတွင်းသို့  ပိုမိုထိုးဖောက်လာ နိုင်သောကြောင့်ဖြစ်သည်။ 

အမေရိကန်၏ပိတ်ဆို့မှုကြောင့် တခြား အနောက်နိုင်ငံများမှ စီးပွားရေးလုပ်ငန်း များ    ရုရှားဈေးကွက်အတွင်းသို့   ဝင်

ရောက်လာနိုင်ခြင်း မရှိသည့် အခြေအနေသည်  အိန္ဒိယနိုင်ငံအတွက်  ဈေးကွက်တိုးချဲ့နိုင်မည့် အခွင့်အလမ်း ဖြစ်လာသည် ဟုဆိုနိုင်သည်။

အချုပ်အားဖြင့်ဆိုရပါမူ    အနာဂတ်ကာလတွင် အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုမှာ   ပိုမိုတိုးတက် ကောင်းမွန်လာနိုင်သည့်အပြင်  နှစ်နိုင်ငံကြားကုန်သွယ်မှုပြုလုပ်ရာတွင်လည်း အမေ ရိကန်ဒေါ်လာ အသုံးပြုမှုကို လုံးဝရပ်ဆိုင်း ၍    နှစ်နိုင်ငံစလုံးက    လက်ခံနိုင်မည့် ငွေကြေးများကိုသာ အသုံးပြုမည့်အလား အလာရှိကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။      ။  

 Ref: Tribune, RT