ဗြိတိန်၌ မီးရထားအလုပ်သမားများ သပိတ်မှောက်မှုထပ်မံဖြစ်ပွား

ဗြိတိန်၌ မီးရထားအလုပ်သမားများ သပိတ်မှောက်မှုထပ်မံဖြစ်ပွား

ဗြိတိန်နိုင်ငံ၌ သြဂုတ် ၁၃ ရက်တွင်   မီးရထားအလုပ်သမားများသပိတ်မှောက်မှု ထပ်မံဖြစ်ပွားကြောင်းနှင့် မီးရထားမောင်း ဝန်ထမ်းများမှာ နိုင်ငံတစ်ဝန်း၌ဆန္ဒပြမှုများ လုပ်ဆောင်ကြောင်းသိရသည်။

မီးရထားကုမ္ပဏီကိုးခုမှ မီးရထားသမဂ္ဂ ဝင်အလုပ်သမားများသည်လစာရရှိမှု၊ အလုပ်လုပ်ဆောင်ရသည့် အခြေအနေများနှင့် ပတ်သက်၍ ၂၄ နာရီကြာ သပိတ်မှောက် မှုကိုလုပ်ဆောင်သည့်အတွက် မီးရထား လိုင်းအများအပြားရှိ မီးရထားများပြေးဆွဲမှု လုံးဝရပ်ဆိုင်းလိုက်ရသည်အထိဖြစ်သည်။

မီးရထားကုမ္ပဏီများက ၎င်းတို့၏အဖွဲ့ ဝင်များကို လစာတိုးပေးနိုင်ခြင်းမရှိကြောင်း၊ နောင်တွင်လည်း တိုးပေးမည်မဟုတ်ကြောင်းနှင့် ထိုအချက်သည် အစိုးရ၏ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်းပြောသည်ဟု မီးရထားသမဂ္ဂ အတွင်းရေးမှူးချုပ် မစ်ဝှီလန်ကပြောသည်။ ထို့ပြင်လာမည့် သီတင်းပတ်တွင် အလားတူ သပိတ်မှောက်မှုများ ထပ်မံပြုလုပ်သွားရန် လည်း စီစဉ်ထားသည်။

ဇွန်လအတွင်းကလည်း မီးရထားအလုပ် သမားများ၏ သုံးရက်ကြာသပိတ်မှောက် ဆန္ဒပြမှုဖြစ်ပွားပြီးဖြစ်ရာ ထိုသပိတ်မှောက် မှုသည် နှစ်ပေါင်း ၃၀ အတွင်း အကြီးဆုံး မီးရထားသပိတ်ဖြစ်သည်။

မီးရထားဝန်ထမ်းများနှင့် အခြားလုပ်ငန်း များမှဝန်ထမ်းများသည် လက်ရှိဖြစ်ပွားနေ သော ငွေကြေး ဖောင်းပွမှုကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲ ပြေလည်စေရန်  လုပ်ခလစာများ တိုးတောင်းထားသည်။

ဗြိတိန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ယခုနှစ်ကုန်တွင် ၁၃ ရာခိုင်နှုန်းအထိရှိလာ နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

Ref: TST