ရုရှားနိုင်ငံ၏ ကောက်ပဲသီးနှံထွက်ရှိမှု ပြည်တွင်းဖူလုံရေးအတွက် လုံလောက်မှုရှိ

ရုရှားနိုင်ငံ၏ ကောက်ပဲသီးနှံထွက်ရှိမှု ပြည်တွင်းဖူလုံရေးအတွက် လုံလောက်မှုရှိ

ရုရှားနိုင်ငံ၏ ယခုနှစ်အတွက်ကောက်ပဲသီးနှံထွက်ရှိမှုသည် ပြည်တွင်းဖူလုံရေးအတွက် လုံလောက်မှုရှိကြောင်း ရုရှား စိုက်ပျိုးရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ရိုမန်နီခရာဆော့က သြဂုတ် ၁၃ ရက်တွင်ပြောသည်။

ယခုနှစ်ကောက်ရိတ်သိမ်းချိန်တွင် ရုရှားလယ်သမားများအနေဖြင့် လက်ရှိအချိန်အထိ ကောက်ပဲသီးနှံတန်ချိန် ၇၈ သန်းကိုရိတ်သိမ်းထားပြီးဖြစ်ကြောင်း၊ ထိုပမာဏသည် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေးအတွက် အပြည့်အဝ စိတ်ချရမှုရှိကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် ဆိုးဝါးသောရာသီဥတုအခြေအနေများနှင့် အခြားသောစိန်ခေါ်မှုများရှိနေသည့်ကြားမှ လယ်သမားများ အနေဖြင့် ကောက်ရိတ်သိမ်းခြင်းကို ပုံမှန်ထက်လျင်မြန်စွာ ဆောင်ရွက်ထားနိုင်သည်ဟု ၎င်းကထောက်ပြထားသည်။

ယခုနှစ်အတွင်း ဂျုံတန်ချိန် ၈၇ သန်း အပါအဝင် ကောက်ပဲသီးနှံတန်ချိန်စုစုပေါင်း သန်း ၁၃၀ အထိထွက်ရှိမည်ဖြစ်ကြောင်းနှင့် တန်ချိန်သန်း ၅၀ ကို ပြည်ပသို့တင်ပို့နိုင်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနက အစောပိုင်းတွင် ခန့်မှန်းထားသည်။

ပြီးခဲ့သည့်နှစ်တွင် ရုရှားနိုင်ငံအနေဖြင့် ဂျုံတန်ချိန် ၇၆ သန်းအပါအဝင် ကောက်ပဲသီးနှံတန်ချိန်  စုစုပေါင်း  ၁၂၁ သန်းကို ရိတ်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။

Ref: RT