မုံရွာမြို့ရှိ မုံရွာစီးပွားရေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမိတ်ဆုံ စားပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်

မုံရွာမြို့ရှိ မုံရွာစီးပွားရေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမိတ်ဆုံ စားပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဩဂုတ်  - ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာစီးပွားရေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုမိတ်ဆုံစားပွဲနှင့် ဆုပေးပွဲကို ယနေ့နေ့လယ်ပိုင်းတွင် အဆို ပါတက္ကသိုလ်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် တို့က အဖွင့်အမှာစကားအသီးသီးပြောကြားကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ကြက်တောင်ရိုက်အားကစား(အမျိုးသား)ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြ သည်။ ၎င်းနောက် တက်ရောက်လာကြသူများအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။