သဘာဝရေပြင်အတွင်း ငါးသားပေါက်အကောင်ရေ ခုနစ်သိန်းငါးသောင်းစိုက်ထည့်

သဘာဝရေပြင်အတွင်း ငါးသားပေါက်အကောင်ရေ ခုနစ်သိန်းငါးသောင်းစိုက်ထည့်

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် လမုတန်းကြီးကျေးရွာရှိ သဘာဝရေပြင်အတွင်း ငါးမျိုးများ စိုက်ထည့်မှုအနေဖြင့် သြဂုတ် ၁၃ ရက်က ငါးသားပေါက် အကောင်ရေ ခုနစ်သိန်းငါးသောင်း စိုက် ထည့်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး အတွင်း ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး  ထိုသို့ဆောင်ရွက်ခြင်းကို တိုင်းဒေသကြီး၊  ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများပူးပေါင်းကာ  လှော်ကား ငါးလုပ်ငန်းစခန်းနှင့်   လေးထောင့်ကန် ငါးလုပ်ငန်းစခန်းတို့မှ    ငါးသားပေါက် အကောင်ရေ ခုနစ်သိန်းငါးသောင်းကို ငါး မျိုးစိုက်ထည့်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ငါးမျိုးစိုက်ထည့်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးတင့်လွင်၊ မြောက်ပိုင်းခရိုင်ဦးစီး မှူး ဦးလေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေစိုး၊ အဖွဲ့ဝင် (၂) ဦးအေးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးနေဝင်းအောင်၊  မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်     ကျေးရွာနေပြည်သူများက လမုတန်းကြီးကျေးရွာ   သဘာဝရေပြင် အတွင်းသို့ နှစ်လက်မအရွယ် ငါးခုံးမကြီး ငါးသားပေါက်အကောင်ရေ  နှစ်သိန်းငါး သောင်းနှင့်  ရွှေဝါငါးကြင်းငါးသားပေါက် အကောင်ရေငါးသိန်း စုစုပေါင်း ငါးသား ပေါက်အကောင်ရေ ခုနစ်သိန်းငါးသောင်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)