ပြည်ထဲရေး ဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

ပြည်ထဲရေး ဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၅

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ   ဆောင်ရွက်နေသည့် ကာလအတွင်း  ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်^ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက   မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်တော်များ  ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ မင်္ဂလာရာမပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကမော့ကစင်ကျောင်းတိုက်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊   မုံရွာမြို့နယ်ရှိ သဒ္ဓမ္မဇောတိကသုဗောဓာရုံ ကျောင်းတိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ဟံသာဝတီတိုက်သစ် စာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ဓမ္မောဒယပရိယတ္တိ စာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်း တိုက်တို့သို့ လည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေး ဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ  တာဝန်ရှိသူများက  သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း   သတင်းရရှိသည်။