ဘောလုံးပေးပို့မှု မရှိသည့်အတွက် ဘောလုံးနောက် လိုက်ပါ ကစားခြင်းမရှိဘဲ စိတ်ဆိုးခဲ့သည့် အမ်ဘတ်ပီကို ပီအက်စ်ဂျီအသင်း ပရိသတ်များက ပြစ်တင်ဝေဖန်

ဘောလုံးပေးပို့မှု မရှိသည့်အတွက် ဘောလုံးနောက် လိုက်ပါ ကစားခြင်းမရှိဘဲ စိတ်ဆိုးခဲ့သည့် အမ်ဘတ်ပီကို ပီအက်စ်ဂျီအသင်း ပရိသတ်များက ပြစ်တင်ဝေဖန်

ပီအက်စ်ဂျီအသင်းနှင့် မောင့်ပယ်လီယာအသင်းတို့ ကစားသည့်ပွဲစဉ်တွင်  အမ်ဘတ်ပီထံ  ဘောလုံးပေးပို့ခြင်း မရှိသည့်အတွက် ဘောလုံးနောက်   လိုက်ပါကစားခြင်းမရှိဘဲ  စိတ်ဆိုးဒေါသ ထွက်ခဲ့သည့်အပြုအမူကြောင့် အသင်းပရိသတ်များက အမ်ဘတ်ပီကို ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းက မောင့်ပယ် လီယာအသင်းကို ၅ ဂိုး-၂ ဂိုးဖြင့်   အနိုင်ရရှိခဲ့ပြီး အမ်ဘတ်ပီအနေဖြင့် ပွဲချိန် ၂၃ မိနစ်တွင် ပယ်နယ်တီ ကန်သွင်းခွင့်ရရှိခဲ့ရာ လွဲချော်ခဲ့သည်။

ထို့ပြင်    ပွဲချိန်ပထမပိုင်း ပြီးဆုံးခါနီးတွင်လည်း ပီအက်စ်ဂျီအသင်းက    တိုက်စစ်ဆင်မှု ပြုလုပ်ခဲ့ရာ ဗီတင်ညာက အမ်ဘတ်ပီနှင့်  မက်ဆီတို့နှစ်ဦး စလုံးထံ ပေးပို့နိုင်သည့် အချိန်တွင် အမ်ဘတ်ပီထံမပေးဘဲ မက်ဆီထံသာ ဘောလုံး ပေးပို့ခဲ့သည့်အတွက် အမ်ဘတ်ပီက  စိတ်ဆိုးသည့် အပြုအမူပြုလုပ်ပြီး ဘောလုံးနောက် ဆက်လက်လိုက်ပါ ကစားခြင်းမရှိဘဲ လမ်းလျှောက်ကာ    စိတ်ဆိုးဒေါသ ထွက်ခဲ့ခြင်းဖြစ်သည်။

အမ်ဘတ်ပီ၏   လုပ်ရပ်နှင့်ပတ်သက်ပြီး  အသင်း ပရိသတ်များကပင်  အသင်းတွင် လုပ်ခလစာအများဆုံး ရရှိသော ကစားသမား တစ်ဦးဖြစ်ပြီး အသင်းမှ ဦးစားပေးမှု ပြုလုပ်ထားသည့် အတွက် စိတ်ကြီးဝင်နေကာ မက်ဆီကိုပင် လေးစားမှုမရှိဟု  ပြစ်တင်ဝေဖန် ခဲ့ကြကြောင်း သိရသည်။