မန်ယူအသင်း သမိုင်းတစ်လျှောက် အဖွင့်ပွဲစဉ် နှစ်ပွဲဆက် ရှုံးနိမ့်သည့် ပထမဆုံးသော နည်းပြအဖြစ် နည်းပြ တန်ဟတ် မှတ်တမ်းဝင်

မန်ယူအသင်း သမိုင်းတစ်လျှောက် အဖွင့်ပွဲစဉ် နှစ်ပွဲဆက် ရှုံးနိမ့်သည့် ပထမဆုံးသော နည်းပြအဖြစ် နည်းပြ တန်ဟတ် မှတ်တမ်းဝင်

မန်ယူအသင်းနည်းပြသစ် တန်ဟတ်သည် ပရီးမီးယားလိဂ်ပွဲစဉ်(၂)အဖြစ် ကစားသည့် မန်ယူအသင်း က  ဘရန့်ဖို့ဒ်အသင်းကို  ၄ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက် မန်ယူအသင်း သမိုင်းတစ်လျှောက် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အဖွင့်ပွဲစဉ် နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သည့်  ပထမဆုံးသောနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင် မန်ယူအသင်း နည်းပြသစ်အဖြစ်  ခန့်အပ်ခံခဲ့ရသည့် တန်ဟတ်သည် ရာသီကြိုခြေစမ်းပွဲစဉ်များတွင် ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲပြန်လည်စတင်ချိန်တွင်  နိုင်ပွဲမရရှိသေးဘဲ  ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ်အဖြစ်ကစားသည့် ဘရိုက်တန်အသင်းနှင့် ပွဲစဉ်တွင် ၂ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သကဲ့သို့  ဒုတိယမြောက် ပွဲစဉ်တွင်လည်း ဘရန့်ဖို့ဒ်အသင်းကို လေးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

နည်းပြတန်ဟတ်သည်ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင်   ရှုံးနိမ့်ခဲ့စဉ်ကတည်းက မန်ယူအသင်း သမိုင်းတစ်လျှောက် အဖွင့်ပွဲစဉ် ရှုံးနိမ့်ခဲ့သည့် ဒုတိယမြောက် နည်းပြအဖြစ် မှတ်တမ်းဆိုးရရှိခဲ့သကဲ့သို့ ယခုအခါတွင်လည်း အသင်းသမိုင်းတစ်လျှောက် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အဖွင့်ပွဲစဉ်နှစ်ပွဲဆက်ရှုံးနိမ့်သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဆိုး ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။

မန်ယူအသင်းသမိုင်း တစ်လျှောက်တွင်   ၁၉၂၁ ခုနှစ်က နည်းပြဂျွန်ချက်မန်း တာဝန်ယူ ကိုင်တွယ်စဉ်ကလည်း  အဖွင့်ပွဲစဉ်နှစ်ပွဲဆက် ရှုံးနိမ့်ဖူးပြီး ၁၉၂၁ ခုနှစ်နောက်ပိုင်းတွင် အဖွင့်ပွဲစဉ်နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သည့်နည်းပြတစ်ဦးမျှမရှိခဲ့ဘဲ  ယခုအခါ  နှစ်ပေါင်း ၁၀၁ နှစ်အကြာတွင် နည်းပြတန်ဟတ်က အဖွင့်ပွဲစဉ်နှစ်ပွဲဆက်ရှုံးနိမ့်သည့်    ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဆိုး ရရှိခဲ့ခြင်းဖြစ်သည်။

ဘရန့်ဖို့ဒ်အသင်းကို ဂိုးပြတ် အရေးနိမ့်ပြီးနောက် နည်းပြ တန်ဟတ်အနေဖြင့်လည်း ထုတ်ပယ်ခံရမည့် နည်းပြစာရင်းတွင် ပိုမိုရေပန်းစား လာခဲ့ကြောင်း သိရသည်။