ပေါက်ခေါင်းမြို့နယ်၌ မိုးမြေပဲ မိုးနှမ်းနှင့်နေကြာအပါအဝင် ဆီထွက်သီးနှံ ၅၃၄၅၂ ဧက စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပေါက်ခေါင်းမြို့နယ်၌ မိုးမြေပဲ မိုးနှမ်းနှင့်နေကြာအပါအဝင် ဆီထွက်သီးနှံ ၅၃၄၅၂ ဧက စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ

၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင်  ပဲခူးတိုင်းဒေသကြီး   ပေါက်ခေါင်းမြို့နယ်ရှိ တောင်သူများအနေဖြင့် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက်  မိုးမြေပဲ၊ မိုးနှမ်းနှင့်   နေကြာအပါအဝင် ဆီထွက်သီးနှံ ၅၃၄၅၂ ဧကကိုစိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆီထွက်သီးနှံနေကြာကို လယ်၊ ယာ၊  ကိုင်းကျွန်းများ၌  ၇၂ ဧက၊ မိုးမြေပဲ ၁၅၃၃၄ ဧကနှင့် မိုးနှမ်း ၃၈၀၄၆ ဧက စုစုပေါင်း ၅၃၄၅၂ ဧက စိုက်ပျိုးထားပြီး စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဆီထွက်သီးနှံစိုက်ပျိုးသည့်  တောင်သူများ အထွက်နှုန်းကောင်းစေရန်နှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန်  စိုက်ပျိုးရေးဦးစီးဌာနမှ  ဝန်ထမ်းများက  စိုက်ခင်းများအရောက်ကွင်းဆင်း၍ လိုအပ်သည်များကို နည်းပညာ ပေးခြင်းများ   ဆောင်ရွက်ခဲ့ကြောင်းနှင့် ပေါက်ခေါင်းမြို့နယ်၌  မိုးနှမ်းများကို သြဂုတ်လဆန်းပိုင်းမှ စတင်ရိတ်သိမ်းနေကြောင်း သိရသည်။

ယခုနှစ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာအပါအဝင် နှမ်း၊ မြေပဲ စသည့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရန်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် တခြားဌာန ဆိုင်ရာများ ပူးပေါင်းကာ  တောင်သူများအား  နည်းပညာပေးဆွေးနွေးပွဲများ  ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)