အမေရိကန်နိုင်ငံသားများ အပူလွန်ကဲသည့် ခါးပတ်ကွင်းအတွင်း နေထိုင်ရမည်

အမေရိကန်နိုင်ငံသားများ အပူလွန်ကဲသည့် ခါးပတ်ကွင်းအတွင်း နေထိုင်ရမည်

    လာမည့်နှစ်ပေါင်း ၃၀ အတွင်း အမေရိကန်နိုင်ငံသား အနည်းဆုံး သန်း ၁၀၀ အနေဖြင့် အပူလွန်ကဲသည့် ခါးပတ်ကွင်းအတွင်း နေထိုင်ရမည်ဖြစ်ကြောင်း First Street Foundation  မှ သုတေသန ပညာရှင်များက သြဂုတ် ၁၅ ရက်တွင်    ထုတ်ပြန်လိုက်သည်။

အဆိုပါခါးပတ်ကွင်း အတွင်းရှိ ဒေသများ၌ တစ်နှစ်လျှင် အနည်းဆုံး တစ်ရက်တာ ကျရောက်မည့်အပူချိန်သည် ၅၂ ဒီဂရီ စင်တီဂရိတ်အထက်  သို့မဟုတ်  အလွန်အန္တရာယ်များသည့် အဆင့်ကို ကျော်လွန် တည်ရှိမည်ဖြစ်ကြောင်း သုတေသီများကခန့်မှန်းထားသည်။

အပူလွန်ကဲသည့် ခါးပတ်ကွင်းအတွင်း ကျရောက်နိုင်သော ဒေသများမှာ အမေရိကန် တစ်နိုင်ငံလုံးနီးပါးဖြစ်ကာ  ကမ်းရိုးတန်း ဒေသများတွင် နေထိုင်သူများသည်လည်း အပူချိန် လွန်ကဲမှုကို ရှောင်လွှဲနိုင်မည်မဟုတ်ကြောင်း ၎င်းတို့ကပြောသည်။

ထို့ပြင် လက်ရှိတွင် တစ်နှစ်အတွင်း ခုနစ်ရက်တာမျှသာ ရင်ဆိုင်ရသည့် အမြင့်ဆုံးအပူချိန်ကို နောင်တစ်ချိန်တွင် တစ်နှစ်အတွင်း ၁၈ ရက်မျှအထိ ရင်ဆိုင်ရနိုင်ကြောင်း သုတေသန ပညာရှင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပူချိန်မြင့်တက်လာမှုကြောင့် ပြည်သူများအနေဖြင့် မောပန်းခြင်းနှင့် ရေဓာတ် ခန်းခြောက်ခြင်း တို့ကို   ရင်ဆိုင်ရနိုင်ပြီး အပူလျှပ်မှုကြောင့်   သေဆုံးနိုင်ခြေလည်း မြင့်တက်လာနိုင်ကြောင်း သိရသည်။