စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်

စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး အတွင်းရှိ ဓမ္မာရုံ၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ပိုင်းတွင် ပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင် နိကာယ ဉက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူဆရာတော်ဘုရားကြီး ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် များရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် စစ်ကိုင်းမြို့၊ ဇေယျာညွန့်ကျောင်း ဆရာတော် ဘဒ္ဒန္တသုမန က နတ်ဗြဟ္မာများအား ဒေဝနိမန္တနဂါထာဖြင့် ပင့်ဖိတ်ပြီး စစ်ကိုင်းမြို့၊ မြို့ဈေးကြီး ဆရာတော် ဘဒ္ဒန္တဩဒါတ က ပဋ္ဌာန်းအမွှန်းဂါထာတော်ကို ရွတ်ဖတ်ပူဇော်သည်။ ၎င်းနောက် သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ပဋ္ဌာန်းကျမ်းတော်ကို စတင်ရွတ်ဖတ်ပူဇော်ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါ ပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲကို ဩဂုတ် ၂၁ ရက်အထိ ရွတ်ဖတ်ပူဇော်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။