တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၁၆

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၅ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းနှင့် ဇေယျသုခ ဘုန်းတော်ကြီးကျောင်း၊ ပါဘောဘုန်းတော်ကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာရှိ တပ်ဦးမင်းကုန်းကျောင်းတိုက်၊ ကွမ်းခြံကုန်း မြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာရှိ အောင်တော်မူကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်မြို့ရှိ ဝိဇယကာရီကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊  စစ်တွေမြို့နယ်၊ ကြွီတဲ ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ခေမာမဏ္ဍိုင်သီလရှင်ကျောင်း၊ အမ်းမြို့ရှိ ဓမ္မသုခ ဝိပဿနာဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့ရှိ တပ်ဦးဘုန်းတော် ကြီးကျောင်း၊ မင်္ဂလာဦးဘုန်းတော်ကြီးကျောင်း၊ ကျောက်ဖြူမြို့ရှိ စေတီယျ ဓာတ်ပေါင်းစု ဘုန်းတော်ကြီးကျောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ ဓမ္မိကာရာမတိုက်ရှိ ရတနာပုံဘုန်းတော်ကြီးကျောင်း၊ တံတားဦးမြို့နယ်ရှိ ဂိုဏ်းထောက်ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ဘိုးဘွားရိပ်သာ၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေဘိုးဘွားရိပ်သာနှင့် သံတွဲမြို့ရှိ မေတ္တာဝတီဘိုးဘွားရိပ်သာများရှိ အဘိုး၊ အဘွားများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက အလှူငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ သွားရောက် လှူဒါန်းပြီး နယ်မြေခံဆေးကုသရေးအဖွဲ့များက အဘိုး၊ အဘွားများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။