ကျိုင်းတုံမြို့နယ်၊ ယမ်းဝိုးကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်၊ အဘိုး၊ အဘွားများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ကျိုင်းတုံမြို့နယ်၊ ယမ်းဝိုးကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်၊ အဘိုး၊ အဘွားများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် -၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယမ်းဝိုးကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်း၌ သွားရောက်တွေ့ဆုံပြီး ဆန်၊ ဆီ၊ ဆား၊ ကြက်ဉနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် နယ်မြေခံဆေးတပ်ရင်းမှ ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး  ထို့သို့ ဆောင်ရွက်ပေးနေမှုများကို  တိုင်းမှူးနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဆေးရုံတက်ရောက်ရန် လိုအပ်သူ များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။

ဆက်လက်၍ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ယမ်းဝိုးကျေးရွာ အတွင်း ရေကြီးရေလျှံမှုကြောင့် လမ်းများ၊ တံတားများ ပျက်ဆီးဆုံးရှုံးမှုများကို လိုက်လံကြည့်ရှုကြပြီး လမ်းပန်းဆက်သွယ်မှုများကောင်းမွန်စေရေးအတွက်  ပျက်ဆီးဆုံးရှုံးသွားသော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်နိုင်ရေး တာဝန် ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ရှိ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အဘိုး၊ အဘွားများအား နယ်မြေခံဆေး တပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက ကျန်းမာရေးစစ်ဆေးပေး နေမှုများကို လိုက်လံကြည့်ရှုအားပေးကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။