ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက်   နိုင်ငံရေးရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့ကြသူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံရေးပင်စင်များချီးမြှင့်

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက်   နိုင်ငံရေးရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့ကြသူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံရေးပင်စင်များချီးမြှင့်

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)အရ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ် များနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များအား နိုင်ငံတော် နှင့်နိုင်ငံသားများ၏ အကျိုးကိုသယ်ပိုးထမ်းဆောင်ကြရသည့် လုပ်ငန်းတာဝန်နှင့်လျော်ညီသော ချီးမြှင့် ငွေနှင့်စရိတ်များကို ဥပဒေနှင့်အညီ ချီးမြှင့်ပေးလျက်ရှိသည်။ အဆိုပါပုဂ္ဂိုလ်များသည်  သက်တမ်းကာလ အပြည့်တာဝန်ကိုကျေပွန်စွာထမ်းဆောင်ပါက ဥပဒေအရရရှိသည့် လစဉ်ချီးမြှင့်ငွေကိုအခြေခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့ကသတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစား ခွင့်ရှိသည်။ ထို့ကြောင့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ ရေးရာထူးရရှိခဲ့သူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအတွက် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ပြုနိုင်ရန် တင်ပြလျှောက်ထားလာမှုများအား သက်ဆိုင်ရာဌာနများ နှင့် လွှတ်တော်ရုံးများက လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလာမှုအပေါ် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် နိုင်ငံရေးရာထူးရရှိခဲ့သူပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်(၉)ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ပုဂ္ဂိုလ်(၅၀)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၅၂)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်(၈၈)ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၉၂)ဦး၊ စုစုပေါင်း(၄၉၁) ဦးအား တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်များကို ခံစားခွင့်ပြုခဲ့ပြီးဖြစ်သည်။ ထိုသို့ချီးမြှင့်ခဲ့သည့် နိုင်ငံရေး ရာထူးရရှိခဲ့ကြသူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်(၄၉၁)ဦးမှာ အောက်ပါအတိုင်းဖြစ်သည်-

          (က)    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ (၅)ဦး၊

          (ခ)   တအောင်း(ပလောင်)အမျိုးသားပါတီမှ(၆)ဦး၊

          (ဂ)   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ(၉၈)ဦး၊

         (ဃ)  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ(၂၁၇)ဦး၊

         (င)    ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ(၄၃)ဦး၊

         (စ)    လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ(၃)ဦး၊         

         (ဆ)     ရခိုင်အမျိုးသားပါတီမှ (၃၉)ဦး၊

         (ဇ)    ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ (၄)ဦးစီဖြင့် စုစုပေါင်း(၈)ဦး၊         

         (ဈ)   မွန်အမျိုးသားပါတီနှင့် ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီတို့မှ(၂)ဦးစီဖြင့် စုစုပေါင်း (၄)ဦး၊

        (ည)  ဒီမိုကရေစီပါတီသစ်(ကချင်)၊ ကရင်ပြည်သူ့ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဒီမိုကရက်တစ် ပါတီမြန်မာ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ(၁)ဦးစီဖြင့် စုစုပေါင်း(၁၂)ဦး၊

         (ဋ)    နိုင်ငံရေးပါတီဝင်မဟုတ်သူ(၄၃)ဦး၊

         (ဌ)     တစ်သီးပုဂ္ဂလ(၁၃)ဦး။

            ၎င်းတို့အား တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ခဲ့ရာ ယနေ့ထိ ငွေကျပ်သန်းပေါင်း (၄၀၄၀)သန်းကျော်အား ခံစားခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း သတ်မှတ်ချက်နှင့်ကိုက်ညီ သူများကို တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ခံစားခွင့်ရရှိနိုင်ရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သက်ဆိုင်ရာက သတင်းရရှိသည်။